မိုးကောင်းမြို့နယ်အုန်းဘောင်ကျေးရွာ၌ကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး (၂၁.၂.၂၀၂၄)ရက်နေ့ ရတနာပုံသတင်းစာ၊(၂၀.၂.၂၀၂၄)ရက်နေ့မြို့တော်သတင်းစာ
မိုးကောင်း၊ဖေဖော်ဝါရီ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ရာသီမရွေးကျေးလက်ထုတ်ကုန်ထွက်ကုန်များ ကုန်စည်စီးဆင်းမှု လျင်မြန်လွယ်ကူစေရန်အတွက် အုန်းဘောင်ကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဖေဖော်ဝါရီလ ၁၉ ရက်နံနက် ပိုင်းကတာဝန်ရှိသူများကွင်း ဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မေဝင်း၊ တာဝန်ခံအင်ဂျင်နီယာတို့နှင့်အတူ အုန်းဘောင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး ခရိုင် ဦးစီးမှူးက ကုမ္ပဏီတာဝန်ခံ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက် ကြရန်ဆွေးနွေးမှာကြားသည်။
အုန်းဘောင်ကျေးရွာ၌ လမ်းအရှည်တစ်မိုင် ၊ အကျယ် ၁၂ ပေ၊ အမြင့်မြေသား နှစ်ပေ နှင့် သဲကျောက် ကိုး လက်မရှိ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊အလျား ၁၅ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၀ ပေရှိ အုတ်ခုံခံကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်နယ်အစိုးရခွင့်ငွေ ကျပ် ၁၄၃ ဒသမ ၉၆၄ သန်းဖြင့်ဓနထွန်းလျှံကုမ္ပဏီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်မှ စတင်ဆောင် ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၆၀ %ပြီးစီးပြီဖြစ်ရာ အဆိုပါကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက အုန်းဘောင်ကျေးရွာရှိ ဒေသခံများ လမ်းပန်းဆက်သွယ်ရေးနှင့်ကုန်စည် စီးဆင်းမှု ပိုမိုလွယ်ကူလျင်မြန်လာမည်ဖြစ်ကြောင်းသိရသည်။
(၂၀.၂.၂၀၂၄)ရက်နေ့ထုတ် မြို့တော်သတင်းစာ၊စာမျက်နှာ(၈)၊ကော်လံ(၃/၄)တွင်လည်းကောင်း၊ (၂၁.၂.၂၀၂၄)ရက်နေ့ထုတ်ရတနာပုံသတင်းစာ၊စာမျက်နှာ(၁၅)ကော်လံ(၁/၂/၃/၄)တွင် လည်း ကောင်း ပါရှိသည်။