Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုင်းတုံမြို့နယ်၊ စမ်းသီတာ(၅)မိုင် ကျေးရွာ၌ RBFစီမံကိန်းဖြင့် မိသားစု ဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး

05 March 24

မိုင်းတုံ မတ်လ ၅ ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက   ဟိုပန် ကျေးရွာ အုပ်စု၊ စမ်းသီတာ(၅)မိုင် ကျေးရွာ ၌  ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စိမံကိန်း ရန်ပုံငွေများဖြင့် မိသားစု ဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့  နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ မှ အဆိုပါ ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးခဲ့ သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းတုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင် နှင့် တာဝန်ရှိသူများသည် စမ်းသီတာ(၅)မိုင် ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုအစုအဖွဲ့စနစ်ဖြင့်   စိန်းမိုင်းတုံအဖွဲ့၊ စိမ်းလန်းမြေအဖွဲ့၊ ရတနာစမ်းအဖွဲ့ နှင့် စိမ့်စမ်းသီတာအဖွဲ့တို့မှ နွားကောင်ရေ(၆၀)မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူး က RBF အသင်းသူ/သားများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

စမ်းသီတာ(၅)မိုင် ကျေးရွာတွင် အဆိုပါအစုအဖွဲ့စနစ်ဖြင့် မိသားစု ဝင်ငွေးတိုး စီးပွားရေးလုပ်ငန်းများကို ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စိမံကိန်းချေးငွေကျပ်သိန်း(၃၀၀)၊ အသင်းဝင်များ၏ မတည်ငွေများဖြင့် အဆိုပါ ကျေးရွာရှိစိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်သူများ၊  အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သောအရင်းအနှီးရရှိစေရန်၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်တက်စေရန်စသည့် ရည် ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မိုင်းတုံမြို့နယ် ခရိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင် ထံမှသိရသည်။