Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုင်းဆတ်မြို့နယ်၊နားယန်း (၂)ကျေးရွာ ၌ VDP စီမံကိန်းဖြင့် ‌ ဘက်စုံသုံးခန်းမ ဆောင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး

05 March 24

မိုင်းဆတ် မတ်လ ၅ ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ‌အခြေအနေများကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ကျတီကျေးရွာအုပ်စု၊ နားယန်း (၂)ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။

‌ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ရှမ်းပြည်နယ် (အရှေ့ပိုင်း ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဝေ့ ၊မိုင်းဆတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဒေါ်မြင့်သီတာဟန် ၊ မြို့နယ် ဦးစီးမှူး ၊စီမံကိန်း တာဝန်ခံ နှင့် အင်ဂျင်နီယာ ဝန်ထမ်းများသည် မိုင်းယန်း-၂ ကျေးရွာတွင် အလျား ၃၆ ပေ ၊အနံ ၂၀ပေ၊အမြင့် ၁၂ ပေ ရှိ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး  ပြည်နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး ကြိုးစား ဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားပြီး ကျေးရွာ တင်ပြချက်များအ‌ အပေါ် ပေါင်းစပ်ညှိ နှိုင်း ဆောင်ရွက် ပေးသည်။

နားယန်း (၂)ကျေးရွာတွင် အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် (၁၅၀)သိန်း၊ပြည်သူထည့်ဝင်ငွေကျပ်(၁၀)သိန်း၊ စုစုပေါင်းရန်ပုံငွေ( ၁၆၀)သိန်းကို အသုံးပြုကာ ခရိုင်/ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ကွင်းဆင်းကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ဒုတိယ အပတ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ၏ (၉၀)ရာခိုင်နူန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပြီး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ အကျိုးပြု အိမ်ခြေ (၆၅)အိမ်၊လူဦးရေ (၃၅၆)ဦးကို အကျိုးပြုမှာ ဖြစ်ကြောင်း မိုင်းဆတ် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။