Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးမျိုးအောင်သည် မတ်လ ၁ ရက်နေ့တွင် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်လုံးညိုကျေးရွာ ရှိ Smart Village (ခေတ်မီစံပြကျေးရွာထူထောင် ရေးစီမံကိန်း)ဖြင့်ဆောင်ရွက်သော IT Center ခန်းမအား ကြည့်ရှုစစ်ဆေး

01 March 24

ပဲခူးတိုင်း‌ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်သည်  ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်လုံးညိုကျေးရွာ  ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့်ဆောင်ရွက်သော IT Center ခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။  ခေတ်မီစံပြကျေးရွာစီမံကိန်းသည် ဒစ်ဂျစ်တယ်နည်းပညာနှင့် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာတို့၏ ပေါင်းစပ်ချဉ်းကပ်မှု နည်းလမ်းအပေါ်အခြေခံ၍ ကျေးလက်နေပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် ရုပ်ပိုင်းဆိုင်ရာတို့တွင် ရေရှည်တည်တံ့သောနေရာများအဖြစ်သို့ ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။

အဆိုပါစီမံကိန်းရန်ပုံငွေ(၁၉.၉၅၀)သန်းဖြင့် IT Center ခန်းမ(၂၆’x၁၆’x၁၂’)အား တည်‌ဆောက်ခဲ့ရာ ၃၁.၁၂.၂၀၂၃ ရက်နေ့တွင် လုပ်ငန်းစတင်ခဲ့ပြီး ၂၄.၂.၂၀၂၃ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။