Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုင်းဖြတ်မြို့နယ် ဆိုင်းလေကျေးရွာ၌ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး

04 March 24

မိုင်းဖြတ်မြို့နယ်  ဆိုင်းလေကျေးရွာ၌ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
မိုင်းဖြတ် မတ် ၄

            ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် မိုင်းဖြတ်ကျေးရွာအုပ်စု၊ဆိုင်းလေ ကျေးရွာတွင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု  အခြေအနေများကို မတ်လ ၁ ရက်နေ့ နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းရာတွင် မိုင်းဖြတ်မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့   ဥက္ကဌ    ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် နှင့် တာဝန်ရှိသူများက  ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ဆိုင်းလေ  ကျေးရွာ၌ မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မိုင်းဖြတ်မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့   ဥက္ကဌ    ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီးကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

            အဆိုပါ ဆိုင်းလေကျေးရွာ၌အရှည် ၆ ဖာလုံ ၊ အကျယ်‌ ၁၂ ပေ  ၊ အမြင့် ၉ လက်မ ရှိ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို  VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၀၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်  ၃ သိန်း ၊ စုစုပေါင်းငွေကျပ် ၁၀၃ သိန်း ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာ ပံ့ပိုးမှု၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၏ စီမံခန့်ခွဲမှုဖြင့်  ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်  ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်‌မေလွင် ထံမှ သိရသည်။