Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တနင်္သာရီမြို့နယ်၌ အမျိုးသမီးအပ်ချုပ်စက်သင်တန်းဆင်း

01 March 24

တနင်္သာရီ ဖေဖော်ဝါရီ ၂၉

          တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးအခြေခံအပ်ချုပ်စက် နှစ်လ သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပခဲ့သည်။

          ၎င်းအခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကျော်သက်ထူးက  အဖွင့်အမှာစကားနှင့်    မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ   လက်ထောက်ညွှန်ကြားရေးမှူး        ဒေါ်စန်းရီက အမှာစကားပြောကြားသည်။

          ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး(ကိုယ်စား) ဒေါ်သူဇာမိုး ဦးစီးအရာရှိ(နည်းပညာ)က အမျိုးသမီးအခြေခံအပ်ချုပ်စက် နှစ်လသင်တန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ ပြီးဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပေးသည်။

          ထို့နောက် အခြေခံအပ်ချုပ်စက်သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသူ မပြည့်ပြည့်ခင် အား မြို့နယ်အုပ်ချုပ်ရေးမှူးက ကြယ်သီးရိုက်စက်တစ်စုံနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ပေးပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။