ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်စိုးဝင်းသည် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၊ကျောက်ပုံကျေးရွာအုပ်စု၊ကျောက်ပုံမြစိမ်းရောင်စီမံကိန်း ကျေးရွာတွင် စတုတ္ထနှစ်စက်ဝန်းအတွက် စိုက်ပျိုးလုပ်ငန်း လုပ်ကိုင်သူဦးရေ(၅၀)ဦးအား ချေးငွေ(၁၆.၁)ကျပ်သန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူဦးရေ(၇၈)ဦးအား (၁၅.၆)ကျပ်သန်းနှင့် အရောင်အဝယ်လုပ်ငန်း လုပ်ကိုင်သူဦးရေ(၃)ဦးအား (၂.၀)ကျပ်သန်း တို့အား စုစုပေါင်း အသင်းသားဦးရေ(၁၃၁)ဦးအား (၃၃.၇၀)ကျပ်သန်းအား ထုတ်ချေးပေးမှုအားကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။