သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွာသစ်ကျေးရွာ၌ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းဖြင့် ဆောင်ရွက်သော ရွာသစ်ကျေးရွာ ခန်းမဆောင်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရွာသစ်ကျေးရွာကုန်ထုတ် လမ်း တို့အားကွင်းဆင်းကြည့်ရှုခဲ့ရာ ပဲခူးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများလိုက်ပါဆောင်ရွက်ခဲ့ပါသည်။