Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရုံးလုပ်ထုံးလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်း

08 May 23

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအဆင့်ဆင့်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေပြီး စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ရုံးလုပ်ထုံးလုပ်နည်းသင်တန်းဖွင့်ပွဲကို မေလ (၈)ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

      ရှေးဦးစွာ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောဒီးဒီက သင်တန်းအား သင်တန်းသူများအနေဖြင့် ယခုလိုရုံးလုပ်ထုံးလုပ်နည်းသင်တန်း သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြင့် သင်တန်းမှ သင်တန်းစာများကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိအောင်ပြန်လည်အသုံးချပြီး မိမိတို့၏ စွမ်းဆောင်ရည်များ စဉ်ဆက်မပြတ်တိုးတက်အောင် ကြိုးစားကြရန်နှင့် သင်တန်းကာလအတွင်း ကြိုးစားသင်ယူစေလို ကြောင်း မှာကြားခဲ့ပါသည်။

           ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ရုံးလုပ်ထုံးလုပ်နည်းသင်တန်းသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ဝန်ထမ်း(၂၀)ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် ရုံးလုပ်ထုံးလုပ်နည်း နှင့်ပတ်သက်သည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြများမှ မေလ(၈)ရက်နေ့ မှ (၁၂)ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။