Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တနင်္သာရီမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်အဆင့် သုံးသပ်ဆွေးနွေး

28 April 23

    

     တနင်္သာရီ ဧပြီ ၂၆

          တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာဖွံ့ဖြိုတိုးတက်ရေးစီမံကိန်းနှင့်အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲကို ဧပြီလ ၂၅ရက်နေ့  နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

           အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မင်းအောင်က အမှာစကားပြောကြားကာ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သူဇာမိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၇ ရွာ၊   ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း ကျေးရွာ ၁၂ ရွာ နှင့်အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း အသေးစားဓာတ်အားပေးစနစ်(Solar Mini-grip)မီးလင်းရေးလုပ်ငန်းကျေးရွာ(၃)ရွာတို့တွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ဆွေးနွေးပြီး အခမ်းအနားတက်ရောက်လာသူများက ဆွေးနွေးခဲ့ကြောင်းသိရသည်။