Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်း‌ဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၌ ‌ဝန်ထမ်းသစ်များလုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

20 March 23

စစ်ကိုင်း မတ် ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးပြီး စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ "ဝန်ထမ်းသစ်များလုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်း"ဖွင့်ပွဲကို မတ်လ(၂၀)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (ကိုဗစ်-၁၉)စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို စစ်ကိုင်း‌တိုင်းဒေသကြီးကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး၊ဦးအောင်မျိုးလွင်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ဝန်ထမ်းသစ်များအား မိမိတို့သက်ဆိုင်ရာဌာနသို့ လုပ်ငန်းခွင်ဝင်လျှင် သင်ကြားခဲ့ရသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမဖြစ်စေရန် ၊လုပ်ငန်းများအား မှန်မှန်နှင့်မြန်မြန်‌ဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်မားသော ဝန်ထမ်းများဖြစ်လာစေရန် ရည်ရွယ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှသည် ဦးစီးဌာနနှင့် ကျေးလက်နေပြည်သူများအား အကျိုးပြုနိုင်သော နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းသို့ စစ်ကိုင်းတိုင်း‌‌‌ဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်း ဆရာ/ဆရာမ(၁၁)ဦးတို့မှ သက်ဆိုင်ရာဘာသာရပ်များကို သင်တန်းသူ/သား(၂၂)တို့အား သင်ထောက်ကူပစ္စည်းများနှင့် Power Pointများပေးအပ်၍ (၂၀.၃.၂၀၂၃)ရက်နေ့မှ (၂၄.၃.၂၀၂၃)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ကိုမြတ်