Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကွန်ဟိန်းမြို့နယ်ရှိ ကျေးရွာများ၌ ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လွှဲပြောင်းအပ်နှံပွဲကျင်းပ

29 March 23

ကွန်ဟိန်းမြို့နယ်ရှိ ကျေးရွာများ၌ ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လွှဲပြောင်းအပ်နှံပွဲကျင်းပ   

==================================================================================
ကွန်ဟိန်း မတ်လ ၂၉ ရက်
====================
 
 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ်စန့်ခရိုင် ၊ကွန်ဟိန်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခုဘဏ္ဍာနှစ် ကာလအတွင်း ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေများ ဖြင့် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ သက်ဆိုင်ရာကျေးရွာများသို့ လွှဲပြောင်းအပ်နှံပွဲအခမ်းအနားကို မတ်လ ၂၈ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
 
ရှေးဦးစွာ ကွန်ဟိန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်း က စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းအပ်နှံရခြင်း၏ ရည်ရွယ် ချက်များနှင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
 
 
ထိုနောက် တက်ရောက်လာကြသောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ ၊  ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးလက်ကုန်ထုတ်လမ်း/တံတားများ၊  ကျေးလက်ရေရရှိရေး လုပ်ငန်းများ နှင့် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း(VDP)အကောင် အထည် ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၁၁)ရွာမှ ကော်မတီဝင်များထံသို့ လုပ်ငန်းလွှဲပြောင်း မှတ်တမ်းလွှာများအား အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြရာ ကော်မတီဝင်များကိုယ်စား ကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
 
 
အဆိုပါ ကျေးရွာ (၁၁)ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်ကုန်ထုတ်လမ်း/တံတား ဖောက်လုပ်ခြင်း လုပ်ငန်း(၃)ခု၊ရေရရှိရေးလုပ်ငန်း (၃)ခု၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် မြေသားလမ်း သဲဗြုန်းခင်းခြင်းလုပ်ငန်း(၄)ခု၊ကျောက်စီမြေကာနံရံ နှင့် ဂါလံ(၃၀၀၀)ဆံ့ ရေစုတမံပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း (၁)ခုနှင့် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း(၁)ခုစုစုပေါင်းလုပ်ငန်း (၁၂)ခုကို ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် ( ၂၉၆ ဒသမ ၃၁၉ ) သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ အားလုံးရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များထံသို့ လုပ်ငန်း များ လွှဲပြောင်းအပ်နှံခြင်းဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်း ထံမှ သိရသည်။ 
 
                                                                                                                                                                                                                                                                              
                                                                                                                                                                                                                                                                                           မောင်ခိုင်