Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

(၇၈)နှစ်မြောက် ‌တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် တောင်လေး (တ)ကျေးရွာ၌ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ ကျင်းပ

27 March 23

(၇၈)နှစ်မြောက် ‌တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် တောင်လေး (တ)ကျေးရွာ၌ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ ကျင်းပ
================================================================================================
ပင်လောင်း မတ်လ ၂၇ ရက်
=====================
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် လိန်းညားကျေးရွာအုပ်စု၊‌ တောင်လေး (တ) ကျေးရွာ၌ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
 
ရှေးဦးစွာ ပင်လောင်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ (နည်းပညာ) ဒေါ်စိုးသဥ္ဇာနိုင်က တောင်လေး(တ)ကျေးရွာတွင် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကျေးရွာရှိ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။
 
ထိုနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ပင်လောင်းမြို့နယ်ဦးစီးမှူး၊ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များက ကျေးရွာတွင်း ကွန်ကရစ်လမ်း မုဒ်ဦး အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်း အား ဖြတ်သန်း ကြည့်ရှုစစ်ဆေးကြကာ ဝာာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များထံသို့ လုပ်ငန်းလွှဲပြောင်း မှတ်တမ်းလွှာပေးအပ် ခဲ့ကြသည်။
 
 အဆိုပါကွန်ကရစ်လမ်းသည် အရှည် ၁၀၀၀ပေ၊ အကျယ် ၁၂ပေ၊ ထု ၆လက်မ ရှိပြီးကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း  စီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း (၁၀၀ )၊ ပြည်သူ ထည့်ဝင်ငွေ ကျပ် ( ၇၃ ) သိန်းကို အသုံးပြုကာ ဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ၂၀၂၂ခုနစ် အောက်တိုဘာလ စတုတ္ထအပတ်က စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ပင်းလောင်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌ ဇော်ဝင်းထံမှ သိရသည်။
 
 
                                                                                                                                                                                                                                                                          မောင်ခိုင်