Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နမ့်စန်မြို့နယ်၌( VDP)စီမံကိန်းဖြင့် ဖွံ့ဖြိုး ရေး ဆောင်ရွက်ခဲ့သော ကျေးရွာ(၂၀)ရွာအား စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းအပ်နှံပွဲကျင်းပ

31 March 23

နမ့်စန်မြို့နယ်၌( VDP)စီမံကိန်းဖြင့်ဖွံ့ဖြိုး ရေး ဆောင်ရွက်ခဲ့သော ကျေးရွာ(၂၀)ရွာအား စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းအပ်နှံပွဲကျင်းပ   

=====================================================================================================
နမ့်စန် မတ်လ ၃၁ ရက်
==================
 
 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်( တောင်ပိုင်း)၊နမ့်စန်ခရိုင်၊နမ့်စန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခုဘဏ္ဍာနှစ် ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP) ပံ့ပိုးငွေများဖြင့် ဆောင်ရွက်ခဲ့သောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သက်ဆိုင်ရာကျေးရွာများသို့ လွှဲပြောင်းအပ်နှံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
 
အခမ်းအနားတွင် နမ့်စန်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခွန်မြင့်‌သောင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ဇော်မျိုးထွန်း က စီမံကိန်းလုပ်ငန်းများလွှဲပြောင်းအပ်နှံရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
 
 
ထိုနောက် ခရိုင်ဦးစီးမှူး နှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများအကောင် အထည် ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၂၀)ရွာမှ ကော်မတီဝင်များ ထံသို့ လုပ်ငန်းလွှဲပြောင်း မှတ်တမ်းလွှာများအား အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြရာ ကော်မတီဝင်များကိုယ်စား ကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
 
အဆိုပါ ကျေးရွာ (၂၀)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ​ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၂)ခု၊မြေသားတင် သဲဗြုန်းခင်းခြင်းလုပ်ငန်း(၉)ခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း (၇)ခု၊ မူကြိုကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်း(၁)ခု နှင့်‌ ရေတံခါးတည်‌ ဆောက်ခြင်း လုပ်ငန်း(၁)ခု စုစုပေါင်းလုပ်ငန်း (၂၀)ခုကို ခွင့်ပြုရန်ပုံငွေကျပ်(၂၀၀)သန်း ၊ပြည်သူလူထု ထည့်ဝင်ငွေကျပ် (၂၉ဒသမ၀၇)သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက် ခဲ့ရာ ယခုအခါလုပ်ငန်းများ အားလုံးရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များထံသို့ လုပ်ငန်း များလွှဲပြောင်းအပ်နှံခြင်းဖြစ်ကြောင်း နမ့်စန်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်‌ဇော်မျိုးထွန်းထံမှ သိရသည်။ 
 
 
 
 
                                                                                                                                                                                                                                                                                      မောင်ခိုင်