Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကံမမြို့နယ် ထုံးကြီးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေး

23 March 23

ကံမမြို့နယ် ထုံးကြီးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေး
*******************************
ကံမ      မတ်       ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ရိုင်၊ ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်အတွက် ထုံးကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည် ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ​​ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အ ကျိုးကျေးဇူးများနှင့် သဘောသဘာဝများကို ဆွေးနွေးပြောကြားပြီး အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၄ ဒသမ ၅၅ သန်းအား ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး

ဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းများနှင့် ထုံးကြီးကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအ ဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၉၈ ဦး ငွေကျပ် ၂၄ ဒသမ ၃ သန်း၊ မွေး မြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၄၉ ဦး ငွေကျပ် နှစ်ဆယ် ဒသမ ၂၅ သန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် ထုတ်ချေးပေးခဲ့ပြီး အရင်းဆပ်ကာလ တစ်နှစ်၊ အတိုးဆပ်ကာလ လေးလတစ်ကြိမ်အဖြစ် ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆမ္ဒဖြင့် သတ်မှတ်ထားကြောင်း ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။