Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီး

31 March 23

  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာအုပ်စု၊ အုန်းသုံးပင်ကျေးရွာတွင် မြေနီကျောက်စရစ်လမ်း အရှည်ပေ ၂၈၀၀၊ အကျယ်ပေ ၁၂ ပေ၊ အမြင့် ၉ လက်မခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ကျပ် သိန်း ၁၀၀ ဖြင့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၆-၂၀၇ ခု ဘဏ္ဍာရေးနှစ် တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အသင်းသား (၂၇၅)ဦး၊ ထုတ်ချေးငွေကျပ် (၃၇.၅၀)သန်းဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းအတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၃၄၈ အိမ်၊ လူဦးရေ ၁၃၇၄ ဦးတို့ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ် သည်။