တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သဗျာကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက် နေမှု အခြေအနေများ (၂၉.၃.၂၀၂၃)ရက်နေ့ နက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ကျော်ဦး၊မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း(လ/ထညွှန်ကြားရေးမှူး(နည်း)နှင့်မြိတ်ခရိုင်ကျေးလက်ဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက သဗျာကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ၊း ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ကျော်ဦးမှ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။သဗျာကျေးရွာကုန်ထုတ်လမ်း အရှည် (၁/၂)မိုင် နှင့် Box Culvert(၃)စင်း ခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် (၉၁.၂)သန်းဖြင့် တင်ဒါအောင်မြင်သည့် General Myeik Co;Ltd မှ ဇူလိုင်လတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။အဆိုပါ ကုန်ထုတ်လမ်းမှာ ကျေးရွာရှိ လယ်ဧက(၁၂၀)ထွက်ရှိလာသော ထုတ်ကုန်၊ထွက်ကုန်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်း ချ နိုင်မည်ဖြစ်ကြောင်းနှင့်ကျေးရွာရှိ အိမ်ခြေ ၇၇ အိမ်၊အိမ်ထောင်စု ၇၉ စု ၊ လူဦးရေ ၅၃၈ ဦး အကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။