Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အမရပူရမြို့နယ် သာလှအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ တတိယအကြိမ်ထုတ်ချေးပေး

26 March 23

အမရပူရမြို့နယ် သာလှအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ တတိယအကြိမ်ထုတ်ချေးပေး

အမရပူရ   မတ်လ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည် သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သာလှအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တတိယအကြိမ်မြောက် ထုတ်ချေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆန်းဦးက မြစိမ်းရောင် ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အဆိုပါကျေးရွာ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ မြစိမ်းရောင်စီမံကိန်း တတိယအကြိမ် အဖြစ် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်လိုသူ ၅၉ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသူ ၄၅ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်လိုသူ ၁၆ ဦး၊ စုစုပေါင်း အသင်းသား ၁၂၀ ဦးအား မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည် ပတ်ရန်ပုံငွေကျပ် ၃၀၀ သိန်းအား ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုး