Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အမရပူရမြို့နယ်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

13 December 22

အမရပူရမြို့နယ်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

အမရပူရ   ဒီဇင်ဘာလ   ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တလင်းကြီးကျေးရွာအုပ်စု၊ တလင်းကြီးကျေးရွာ၌ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က အဆိုပါ ကျေးရွာ၌ ဘုန်းတော်ကြီး ကျောင်း၌ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမရပူရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာ စကား ပြောကြားပါသည်။

ဆက်လက်၍ အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆန်းဦးက စီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ စီမံကိန်းမူဘောင်များ၊ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာသူကျေးရွာသားများက ဦးစာပေးဆောင်ရွက်လိုသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များရှင်းလင်းပြောကြားပြီး  ကျေးရွာနေပြည်သူများ၏  အများသဘောဆန္ဒနှင့်အညီ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကို မဲစနစ်ဖြင့် ရွေးချယ် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ကျေးရွာ နေပြည်သူများ၏ လုပ်အား၊ ငွေအားထည့်ဝင်မှု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ် ကြီးကြပ် မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

စိုးမိုးကျော်