မြင်းခြံခရိုင်အတွင်း ကျေးရွာ(၄)ရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ရာနှုန်းပြည့်ပြီးစီး
မြင်းခြံ မတ်လ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်များအတွင်း ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ် ကူလျင်မြန်စွာပို့ဆောင်နိုင် စေရန်ရည်ရွယ်၍ အကောင် အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာ(၄)ရွာ၌ ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်မှု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်းအဆိုပါဦးစီးဌာနကသိရသည်။
ကျေးလက်ကုန်ထုတ်လမ်းများကို တောင်သာမြို့နယ် အုတ်ရှစ်ပင်(အင်ကြင်းသာတောတိုက်)ကျေးရွာတွင် ကျေးလက်ကုန်ထုတ် လမ်း ၂ / ၂.၇၃ )မိုင်ဖောက်လုပ်ခြင်း၊ နွားထိုးကြီးမြို့နယ် ကျီးကန်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ၁ မိုင်ဖောက်လုပ် ခြင်း၊ Box Culvert (၁)စင်းတည်ဆောက်ခြင်း၊ မြင်းခြံမြို့နယ် မြို့ကြီးကုန်းကျေးရွာကုန်ထုတ်လမ်း ၁/၇ မိုင်ဖောက်လုပ်ခြင်း၊ Slab Culvert (၂)စင်းတည်ဆောက်ခြင်း၊ ရေကျော်(၁)စင်းတည်ဆောက်ခြင်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၁၃ ဒသမ ၄၇၂ သန်းဖြင့် လည်းကောင်း၊ တောင်သာမြို့နယ် အောင်ဇေဖြိုးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ၄ ဒသမ ၁၇၃ ဖာလုံဖောက် လုပ်ခြင်းကို တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၃၀ ဒသမ ၉၆၂ သန်းဖြင့်လည်းကောင်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ၂၀၂၂ခုနှစ် ဇူလိုင်လ ပထမပတ်က စတင်တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်မာကပြောပြ၍သိရသည်။
အဆိုပါကျေးရွာလေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းများဖောက်လုပ်ပေးနိုင်ခဲ့ခြင်းကြောင့် ကျေးရွာများရှိအိမ်ခြေ(၁၂၃၇)အိမ်၊ လူဦးရေ(၅၈၀၉)ဦးတို့၏ လယ်ယာ ထုတ်ကုန်ဧက(၉၄၃၆)ကျော် အကျိုးပြုမည်ဖြစ်ပြီး လယ်ယာထွက်ကုန်များဈေးနှုန်း သက်သာစွာဖြင့် ဈေးကွက်သို့ သယ်ယူပို့ဆောင်နိုင်မှာဖြစ်သကဲ့သို့ လယ်ယာသုံးစက်ပစ္စည်းများ သွားလာရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။
စိုးမိုးကျော်