မန္တလေးမြို့၌ ဝန်ထမ်းသစ်များ လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲကျင်းပ
မန္တလေး မတ်လ ၂၈
မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များအတွင်း ဖြည့်တင်းခန့်ထားသည့် ဝန်ထမ်းသစ်များအား စွမ်းဆောင်ရည်မြင့်မားရေးနှင့် လုပ်ငန်းခွင်တွင် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီ အချိန်က မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက အဖွင့်အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ သင်တန်းတွင်သင်ကြားပို့ချပေးမည့် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်မြတ်စုအောင်(ဒုတိယညွှန်ကြားရေးမှူး)နှင့် ဒေါ်ဝင့်ဝါဖြူ(ဒုတိယညွှန်ကြားရေးမှူး-နည်းပညာ)၊ ဌာနစိတ်အလိုက်တာဝန် ရှိသူများက ရုံးလုပ်ထုံးလုပ်နည်းလမ်းများ၊ ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုမည့် ရုံးလုပ်ငန်းလက်စွဲများကို သင်ကြားပို့ချပေးကြပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကြည်စောနှင့်တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးနှင့် ခရိုင်၊ မြို့နယ်များအတွင်း ဖြည့်တင်းခန့်ထားသည့် အငယ်တန်းစာရေး(၁၃)ဦး၊ အငယ်တန်းအင်ဂျင်နီယာ-၃ (၂)ဦး၊ စာရင်းကိုင်-၄ (၂)ဦး စုစုပေါင်းသင်တန်းသား/သူ (၁၇)ဦး တို့သည် တက်ရောက်ခဲ့ကြပြီး သင်တန်းကိုစာတွေ့လက်တွေ့နှစ်မျိုးဖြင့် (၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်