Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ကွင်းဆင်းစစ်ဆေး

20 March 23

သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ကွင်းဆင်းစစ်ဆေး

 သာစည်  မတ်လ  ၂၀ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာ ရေးနှစ် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ အငယ် စား၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများအတွက် ငွေကြေးအရင်းအနှီးရရှိစေရန်နှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ အစုအဖွဲ့ဖြင့် လုပ်ကိုင်၍ မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် သာစည်မြို့နယ် ကြက်မောက်ကျေးရွာမှ အစုအဖွဲ့ဖြင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို  ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်းဆေးရာတွင် မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စော၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် ဝန်ထမ်းများက ကျေးရွာ ကော်မတီဝင်များနှင့်အတူ ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားပါသည်။

အဆိုပါကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၃၀၀၊ အစုအဖွဲ့များထည့်ဝင်ငွေကျပ်သိန်း ၁၀၀ တို့ဖြင့် ဒေါနဆိတ်မွေးမြူရေး၊ နှင်းဆီ ဆိတ်မွေးမြူရေး၊ ပိတောက် နွားမွေးမြူရေး၊ စံပယ် နွားမွေးမြူရေး အစုအဖွဲ့(၄)ဖွဲ့ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် မွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စိုးမိုးကျော်