Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြင်ဦးလွင်မြို့နယ် ဆင်လမ်းကျေးရွာ၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

29 January 23

ပြင်ဦးလွင်မြို့နယ် ဆင်လမ်းကျေးရွာ၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ပြင်ဦးလွင်   ဇန်နဝါရီလ   ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာ ရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်တို့ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သည့် ဆင်လမ်းကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာ၌ ကျေးရွာတွင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကို ယနေ့နံနက်ပိုင်း အချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စော၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင့်ဝါဖြူနှင့် ခရိုင်၊ မြို့နယ်ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် အတူ             ဆင်လမ်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားပါသည်။

အဆိုပါကျေးရွာတွင် ကျေးရွာတွင်းလမ်းအရှည် ၅၅၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေ ၃၀ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောကပြောပြ၍သိရ သည်။

စိုးမိုးကျော်