ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိသုံးစွဲနိုင်ရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးမှစ်တွင် K.Z.H Engineering & Trading ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်(၂.၃၇၄)သန်းဖြင့် အိမ်ထောင်စု (၁၅၄)စု၊ လူဦးရေ(၇၂၃)ဦးအား အကျိုးပြုစေမည့် ဇလောင်း(မ)ကျေးရွာ (၄")စက်ရေတွင်းဟောင်းအား တွင်းမှုတ်၊ တွင်းဆေးပြုလုပ်ခြင်းလုပ်ငန်း၊ Pump အသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းနှင့် နေပြည်တော်ကောင်စီရန်ပုံငွေကျပ်(၂၇.၆၆)သန်းဖြင့် အိမ်ထောင်စု (၁၇၀)စု၊ လူဦးရေ (၆၇၁)ဦးအား အကျိုးပြုစေမည့် ရွာသာကျေးရွာ တွင်းအကျယ်(၄")၊ အနက် (၄၀၀)ပေရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ဦးတင်မောင်အေး၊ ဒုတိယညွှန်ကြားရေးမှူး(နည်း)နှင့် တာဝန်ရှိဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူး၊ ဦးစိုးလင်းနှင့် တာဝန်ရှိဝန်ထမ်းများနှင့် မြို့နယ်ဦးစီးမှူး၊ ဒေါ်ဇာခြည်မွန်နှင့် တာဝန်ခံဝန်ထမ်းများမှ (၂၆-၃-၂၀၂၃)ရက်နေ့တွင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယညွှန်ကြားရေးမှူး(နည်း)၊ ဦးတင်မောင်အေးမှ ဆောင်ရွက်ပြီးသောစက်ရေတွင်းများအား အကျိုးရှိစွာအသုံပြုသွားရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားခဲ့ပါသည်။