ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဥ်းမနားခရိုင်၊ ပျဥ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ညောင်ပင်သာကျေးရွာတတိယအကြိမ် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် ချေးငွေထုတ်ချေးပွဲအခမ်းအနားအား အဆိုပါကျေးရွာတွင် (၂၄-၃-၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြို့နယ်ဦးစီးမှူး၊ ဒေါ်နေခြည်ဇာဝေမှ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများမှ ကျေးရွာအဆင့်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ထံသို့ စီမံကိန်းရန်ပုံငွေကျပ်(၃၁.၉)သန်းအား လွှဲပြောင်းပေးအပ်သည်။ ကျေးရွာအဆင့်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့မှ စိုက်ပျိုးရေးလုပ်ကိုင်သူ (၂၄)ဦး၊ ရန်ပုံငွေကျပ်(၄.၈)သန်း၊ မွေးမြူရေးလုပ်ကိုင်သူ (၉၃)ဦး၊ ရိန်ပုံငွေကျပ် (၁၆.၇)သန်း။ အရောင်းအဝယ်လုပ်ကိုင်သူ (၅၆)ဦး၊ ရန်ပုံငွေကျပ် (၁၀.၄)သန်း၊ စုစုပေါင်း အသင်းသား/သူ (၁၇၃)ဦး၊ ရန်ပုံငွေကျပ် (၃၁.၉)သန်းအား ထုတ်ချေးခဲ့ပါသည်။