ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဥ်းမနားခရိုင်၊ ပျဥ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဇီးကုန်းကျေးရွာအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိမ် ထုတ်ချေးပွဲအား (၂၄-၃-၂၀၂၃)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး၊ ဒေါ်နေခြည်ဇာဝေနှင့် တာဝန်ရှိဝန်ထမ်းမှ အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ဦးစီးမှူး၊ ဒေါ်နေခြည်ဇာဝေမှ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် စီမံကိန်းအား ရေရှည်တည်တံ့ပြီး အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးရွာသူ/သားများမှ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများမှ စီမံကိန်းရန်ပုံငွေကျပ်(၅၂.၅၅)သန်းအား ကျေးရွာအဆင့်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ထံသို့လွှဲပြောင်းပေးအပ်ပြီး ကျေးရွာအဆင့်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့မှ စိုက်ပျိုးရေးလုပ်ကိုင်သူ(၁၁၉)ဦး၊ ရန်ပုံငွေကျပ်(၃၁.၉)သန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၉၇)ဦး၊ ရန်ပုံငွေကျပ်(၁၄.၇၅)သန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၆)ဦး ရန်ပုံငွေကျပ် (၅.၉)သန်း၊ စုစုပေါင်းအသင်းသား/သူ (၂၃၂)ဦး၊ ရန်ပုံငွေကျပ် (၅၂.၅၅)သန်းအား ထုတ်ချေးပေးခဲ့ပါသည်။