Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒက္ခိဏသီရိမြို့နယ် ​ဆည်စု​ကျေးရွာနှငိ့ ကျားကူး(ရ)​ကျေးရွာတို့၌ ​ရေရရှိ​ရေးလုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်​ဆေး

23 March 23

ပြည်​ထောင်စုနယ်​မြေ၊ ​နေပြည်​တော်၊ လယ်​ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနအ​နေဖြင့် ​ကျေးလက်​ဒေသများတွင် သန့်ရှင်း​သော​သောက်သုံး​ရေရရှိ​ရေးလုပ်ငန်းများအ​ကောင်အထည်​ဖော်​ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာ​ရေးနှစ်တွင် ​နေပြည်​တော်​ကောင်စီရန်ပုံ​ငွေကျပ်(၅.၉၄)သန်းဖြင့် ဟိန်းမင်းထွန်းကုမ္ပဏီမှ ​ဆောင်ရွက်​သော အိမ်​ထောင်စု(၁၅၄)စု၊ လူဦး​ရေ(၆၇၇)ဦးတို့အားအကျိုးပြု​စေမည့် အကျယ်(၄")၊ အနက်(၄၀၀)​ပေရှိ တွင်းနက်တူး​ဖော်ခြင်း၊ (၂၄၀၀)ဂါလံဆံ့စင်မြင့်​ရေစင်တည်​ဆောက်ခြင်း၊ အိမ်သွယ်​ဈေတိုင်တပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများနှင့် အိမ်​ထောင်စု(၈၈)စု၊ လူဦး​ရေ(၃၃၅)ဦးတို့အား အကျိုးပြုမည့် အကျယ်(၄")၊ အနက်(၄၀၀)​ပေရှိ တွင်းနက်တူး​ဖော်ခြင်း၊ (၂၄၀၀)ဂါလံဆံ့ စင်မြင့်​ရေစင်တည်​ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ(100%) ​ဆောင်ရွက်ပြီးစီးမှုအား ပြည်​ထောင်စုနယ်​မြေ၊ ​နေပြည်​တော် ​​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးဌာနမှ ဦးတင်​မောင်​အေး၊ ဒုတိယညွှန်ကြား​ရေးမှူး(နည်း)၊ လယ်​ဝေးခရိုင်ဦးစီးမှူး၊ ဦးမျိုးတင့်နှင့် တာဝန်ရှိဝန်ထမ်းများမှ ကွင်းဆင်းစစ်​ဆေးရာတွင် ဒက္ခိဏသီရိမြို့နယ်၊ မြို့နယ်ဦးစီးမှူး၊ ​ဒေါ်လဲ့လဲ့နိုင်နှင့် တာဝန်ရှိဝန်ထမ်းများမှ လုပ်ငန်းများ​ဆောင်ရွက်ခဲ့မှုအ​ခြေအ​နေအား လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ထို​နောက် ဒုတိယညွှန်ကြား​ရေးမှူး(နည်း)ဦးတင်​မောင်​အေးမှ ​ဆောင်ရွက်ပြီးလုပ်ငန်းများအား အကျိုးရှိစွာအသုံးချသွားရန်နှင့် ​ရေရှည်တည်တံ့​အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားခဲ့ပါသည်။