ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွှေကျင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စတုတ္ထအကြိမ်ထုတ်ချေးခြင်းကို မတ်လ (၂၂)ရက်နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဦးဇင်မင်းထက်၊ အကြီးတန်းစာရေးမှ စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လုိက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ပြောကြားပြီး ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေကျပ်(၄၀.၆၅)သန်းလွှဲပြောင်းပေးအပ်သည်။ ထိုနောက် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား/သူ (၇၃)ဦးကို စီမံကိန်းရန်ပုံငွေကျပ်(၄၀.၆၅)သန်းထုတ်ချေးပေးခဲ့ပါသည်။