ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက် ထားရှိမှုကို မတ်လ ၁၇ ရက်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဦးနှင့် တာဝန်ရှိသူများက ကျောင်းခမ်းကျေးရွာနှင့် ပန်နားကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းဆိုင်ရာ ငွေစာရင်း ပုံစံခုနစ်မျိုး ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို စစ်ဆေးကြသည်။
သိန်းနီမြို့နယ် ကောင်ဟော်ကျေးရွာအုပ်စု ကျောင်းခမ်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အသင်းသား၊ အသင်းသူ ၇၉ဦးအတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၁ ဒသမ ၄၅ သန်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ရက်နေ့တွင်လည်းကောင်း၊ စယ်အူကျေးရွာအုပ်စု ပန်နား ကျေးရွာတွင် မြစိမ်းရောင်ချေးငွေ ကျပ် ၄၃ ဒသမ ၃ သန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ တွင်လည်းကောင်း ထုတ်ချေးပေးပြီး အဆိုပါချေးငွေဖြင့် ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။