Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သီပေါမြို့နယ် ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး

22 March 23

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သီပေါမြို့နယ် ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက် ထားရှိမှုကို မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချူပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဦး၊ ခရိုင်ဦးစီးမှူး ဦးထွန်းချစ်နှင့် တာဝန်ရှိသူများက ကြံခင်း(ဆွန်အွဲ့)ကျေးရွာနှင့် နားခိုင်(နားခဲ) ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ စီမံကိန်းဆိုင်ရာ ငွေစာရင်းပုံစံ ခုနစ်မျိုးပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားမှု ရှိ/မရှိကို စစ်ဆေးကြပြီး သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆောင်နှင့် စီမံကိန်းအသင်းသား/ အသင်းသူများက လိုက်လံရှင်းလင်းပြသရာ ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

          သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု ကြံခင်း(ဆွန်အွဲ့)ကျေးရွာရှိမြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသား/ အသင်းသူ ၈၇ ဦးအတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၂၆ သိန်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင်လည်းကောင်း မန်ဟဲကျေးရွာအုပ်စု နားခိုင်း(နားခဲ)ကျေးရွာရှိ အသင်းသား အသင်းသူ ၈၁ ဦးအတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၆၁၆ သိန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင်လည်းကောင်း ထုတ်ချေးပေးခဲ့ပြီး အဆိုပါချေးငွေဖြင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။