Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးမြို့နယ် သံဘိုကန်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး

14 March 23

မကွေးမြို့နယ် သံဘိုကန်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
******************************
မကွေး      မတ်      ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန် ကြီးဌာန၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေး လက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေလုံလောက်စွာရရှိပြီး နွေရာ သီရေရှားပါးသည့် အခက်အခဲများကို ကု စားနိုင်ရန်အတွက် သံဘိုကန်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းဆောင် ရွက်ပြီးစီးမှုကို တာဝန် ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင့်လွင်ဦး၊ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးနှင့် တာဝန်ရှိသူများသည် သံဘိုကန်ကျေးရွာ သောက်သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ ၄ လက်မအကျယ် အနက် ၅၀၀ ပေ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရေစက်ရုံတည်ဆောက်ခြင်း
နှင့် ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးချုပ်က ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်၊ အိုင်ကြီးကုန်းကျေးရွာအုပ် စု၊ သံဘိုကန်ကျေးရွာ၌  ၄ လက်မအကျယ် အနက် ၅၀၀ ပေ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ဂါလံ (၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်

ငန်းများကို မကွေးတိုင်းဒေသကြီးအစိုးအဖွဲ့ရန်ပုံငွေကျပ် ၂၈ ဒသမ ၆၈ သန်းဖြင့် Global Source ကုမ္ပဏီက စက် တင်ဘာ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၁၀ အိမ်၊ လူ ၃၄၆ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိပြီး လာမည့်နွေရာသီကာလ၌ သောက်သုံးရေရှားပါးသည့်အခက်အခဲများကို ကုစားနိုင်ပြီဖြစ် ကြောင်း မကွေးမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး ထံမှ သိရသည်။