မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်အတွင်းရှိ ကံပြား(န)ကျေးရွာ ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှု့စစ်ဆေး
====================================================================================================
မကွေး မတ် ၂၀
===========
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကံပြား(န)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် ကျေးရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။