Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တွံတေးမြို့နယ် ထိန်ကုန်းကျေးရွာတွင် မြစိမ်းရောင်လုပ်ငန်းများကွင်းဆင်းစစ်ဆေး

17 March 23

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများအရင်းအနှီးရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ် ၍ မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး မြစိမ်း ရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

          မတ်လ ၁၄ ရက်၊ နံနက်၁၁ နာရီက မြစိမ်းရောင် ကျေးရွာ စီမံကိန်း အကောင်အထည်  ဖော်ဆောင်ရွက် လျက်ရှိသော မငေးအလယ်အုပ်စု၊  ထိန်ကုန်းကျေးရွာ၌ မြစိမ်းရောင်ချေးငွေဖြင့်ကျေးရွာသူ၊ကျေးရွာသားများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်၍ အောင်မြင်ဖြစ်ထွန်း အဆင်ပြေနေမှုများကို တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးနှင့် ဝန်ထမ်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ စီမံကိန်းတာဝန်ခံက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလိုက်လံရှင်းလင်းပြသကြောင်းသိရှိရသည်။