Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Real-Time Kinematic(RTK) အသုံးပြု၍ Level Survey တိုင်းတာခြင်း Epanet Software လက်တွေ့အသုံးပြုနည်းသင်တန်းဖွင့်ပွဲကျင်းပ

17 March 23

Real-Time Kinematic(RTK) အသုံးပြု၍ Level Survey တိုင်းတာခြင်း Epanet Software လက်တွေ့အသုံးပြုနည်းသင်တန်းဖွင့်ပွဲကျင်းပ
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နေပြည်တော် မတ် ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျေးလက်ရေရရှိရေးနည်းပညာ(မွမ်းမံ)သင်တန်း အဖြစ် (၃/၂၀၂၃) Real-Time Kinematic(RTK) အသုံးပြု၍ Level Survey တိုင်းတာခြင်း Epanet Software လက်တွေ့အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နေ့လည် (၉:၃၀) နာရီအချိန်တွင် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် တက်ရောက် အမှာစကားပြောကြားပါသည်။ ထို့နောက် သင်တန်းနည်းပြများက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားကာ သင်တန်းတက်ရောက်ကြသည့် သင်တန်းသား/သူများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။
အဆိုပါသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်များက သင်တန်းသား/သူ (၂၃)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ(၁၆-၃-၂၀၂၃)ရက်နေ့မှ(၂၀-၃-၂၀၂၃)အထိ စာတွေ့လက်တွေ့ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။