ပဲခူးတိုင်ဒေသသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ၂၀၁၄−၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းယူနစ် (၄၈)ယူနစ်၊ ကျေးရွာပေါင်း(၇၄)ရွာထဲမှ ညောင်စာရေး ကျေးရွာအုပ်စု၊ စိန်ကလေး+လှေကြီးစုကျေးရွာ၊ တောဟိုင်ကျေးရွာအုပ်စု၊ သခွတ်ကုန်းကျေးရွာနှင့် ကံသုံးဆင့်ကျေးရွာအုပ်စု၊ အင်ပင်ကုန်း+ မြောက်ကုန်းကျေးရွာတို့၏ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးမျိုးသူနှင့် မြို့နယ်မြစိမ်းရောင်တာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကော်မတီဝင်များနှင့်အတူ ငွေစာရင်းပုံစံများ ပြည့်စုံစွာ ဖြည့်သွင်းထားရှိ မှုရှိ/မရှိ၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအား စစ်ဆေးခြင်းနှင့် စီမံကိန်းရန်ပုံငွေ အတိုးရငွေ ၅၀%ဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။