Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေးဆောင်ရွက်နိုင်ရေး Level Survey တိုင်းတာ

15 March 23

မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေးဆောင်ရွက်နိုင်ရေး Level Survey တိုင်းတာ

မြို့သစ် မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေပြည့်ကျေးရွာ အုပ်စု ရေပြည့်ကျေးရွာတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ အိမ်တိုင် ရာရောက်ရေပိုက်လိုင်း သွယ်တန်းဆောင်ရွက်ပေးနိုင်ရေး Level Survey တိုင်းတာခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်း တိုင်းတာခဲ့ကြောင်း သိရသည်။  

ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်မေပွင့်ဖြူနှင့် ဝန်ထမ်းများက ကျေးရွာရေရရှိရေး ကော်မတီများနှင့်အတူ ရေပြည့်ကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေး ဆောင်ရွက်ပေးနိုင်ရန် သွယ်ယူရမည့် ရေပိုက်လိုင်းပေအရှည်၊ လက်ရှိ မြေပြင် အခြေအနေ အနိမ့်အမြင့်များကို Level Survey တိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေး ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ ကျေးရွာနေပြည်သူများအတွက် ရာသီမရွေး သောက်သုံးရေများ အိမ်တိုင်ရာရောက် ဖူလုံစွာရရှိရေး အကျိုးပြုမည်ဖြစ် ကြောင်းသိရသည်။