ကျေးလက်နေပြည်သူများစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုးစီးပွားရေး လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းဖြင့် မြို့ပြနှင့် ကျေးလက်လူနေမှုအဆင့်အတန်းကွာဟမှုကို လျော့ချ နိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ ဇီးဖြူခင်(အလယ်)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ သတ္တမအကြိမ်မြောက် ထုတ်ချေးခြင်းကို စိုက်ပျိုးရေးလုပ်ငန်း(၇၅)ဦး၊ မွေးမြူရေးလုပ်ငန်း(၂၅)ဦး၊ စုစုပေါင်း(၁၀၀)ဦးထံသို့ ချေးငွေကျပ် ၄၃၉ သိန်းအား မြို့နယ်ဦးစီးမှူး၊ စီမံကိန်းတာဝန်ခံ၊ ကျေးရွာ တာဝန်ခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာကော်မတီဝင်များမှ ကြီးကြပ်၍ ထုတ်ချေးဆောင်ရွက်ပေး ကြောင်း သိရသည်။