ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သောဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)ဦးကျော်သူကိုကို၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်နှင့် တာဝန်ရှိသူများက ပက်အင်း ကလေးကျေးရွာတွင် ရေသန့်စင်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်ကလေးကျေးရွာအုပ်စု အိမ်လေးလုံး ကျေးရွာတွင် ကုန်ထုတ်မြေသားလမ်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။ဆက်လက်၍ ထိန်နှစ်ပင်ကျေးရွာတွင် ကုန်ထုတ်ဂဝံလမ်းဆောင်ရွက်နေမှုများ၊ပက်အင်းလေးကျေးရွာတွင် ကုန်ထုတ် မြေသားလမ်းဆောင်ရွက်နေမှုများနှင့် ဝါးတရာကျေးရွာတွင် ဂဝံလမ်းဆောင်ရွက်နေမှု များကိုကြည့်ရှု စစ်ဆေးခဲ့ကြပြီး သတ်မှတ်ကာလတွင် အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။