Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နေပြည်တော်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်လှစ်ပို့ချ

27 February 23

နေပြည်တော်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်လှစ်ပို့ချ

နေပြည်တော် ဖေဖော်ဝါရီ ၂၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ စွမ်းဆောင်ရည်များ ယခင်ကထက်ပိုမိုတိုးတက်လာစေရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်စေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က နေပြည်တော်ရှိ ရုံးအမှတ် (၃၆)၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က မိမိတို့ ဦးစီးဌာနဝန်ထမ်းများ၏  စွမ်းဆောင်ရည်များ ယခင်ကထက်ပိုမိုတိုးတက်လာစေရန်နှင့် လက်တွေ့ လုပ်ငန်းခွင်တွင် အသုံးချနိုင်စေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စနစ်တကျလေ့လာသင်ယူကြစေ လိုကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချ ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) သင်တန်းနည်းပြများက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး တင်ရောက်လာသည့် သင်တန်းသား သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်းကို တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ သင်တန်းသား သင်တန်းသူ (၃၆)ဦး တက်ရောက်ကြီပြီး သင်တန်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ ရှစ်ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရသည်။