ရမည်းသင်းမြို့နယ် ရှမ်းဘုရားကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး
===========================
ရမည်းသင်း ဖေဖော်ဝါရီ ၂၇ ရက်
==============
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းဘုရားကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးဦးအောင်ကျော်ဆန်းနှင့်တာဝန်ရှိသူများက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ရှမ်းဘုရားကျေးရွာ၌စက် ရေတွင်းတူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့
နယ်ဦးစီးမှုး ဦးအောင်ကျော်ဆန်းက လုပ်ငန်းများ ရေရှည်တည်တံ့စေရေးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်နှင့်လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ် ရှမ်းဘုရားကျေးရွာ၌ သောက်သုံးရေရရှိရေးအတွက် အကျယ် လေး လက်မ အနက်ပေ ၄၀၀ခန့်ရှိစက်ရေတွင်းတူးဖော်ခြင်း၊အလျား ငါးပေ၊ အနံ့ ငါးပေ၊ အမြင့် ခုနစ်ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန်၂၄၀၀ ဆံ့စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၄၅ သန်းဖြင့်တင်ဒါအောင်မြင်သည့် Myanmar Stable Group ကုမ္ပဏီက ၂၀၂၂ခုနှစ်အောက်တိုဘာလဒုတိယပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်းသိရသည်။
အဆိုပါစက်ရေတွင်းတူးဖော်ခြင်းနှင့်ဆက်စပ် လုပ်ငန်းများဆောင်ရွက်နိုင်မှုကြောင့် ရှမ်းဘုရားကျေးရွာရှိ အိမ်ခြေ၃၆၅ အိမ်၊လူဦးရေ ၁၂၅၇ ဦးနှင့်ကျွဲ၊နွားတိရစ္ဆာန်များအတွက် ရာသီမရွေးသောက်သုံရေဖူးလုံစွာရရှိမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးအောင်ကျော်ဆန်းက ပြောပြ၍သိရသည်။
ဖြိုးထက်အောင်(ပျော်ဘွယ်)