Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒလမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

20 February 23

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို  ခရိုင်/ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။    

            ကွင်းဆင်းစစ်ဆေးရာ၌ တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့် တာဝန်ရှိသူများသည် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒလမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ပြီးစီးသော ရခိုင်ချောင်(မြောက်)ကျေးရွာ ရွာတွင်းလမ်း အရှည် ပေ ၃၇၀ ၊အကျယ် ၁၀ ပေ၊အမြင့် ခြောက်လက်မနှင့် အရှည်ပေ ၁၄၀၊အကျယ် ငါး ပေ၊အမြင့် ခြောက်လက်မရှိ ရွာအတွင်းလမ်း နှစ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။