Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွ တမံကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငေွဖြင့် ကွန်ကရစ်လမ်းခင်းမှု ကွင်းဆင်းစစ်ဆေး

20 February 23

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊တမံကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရရှိငွေမှ ငွေကျပ် ၁၈ ဒသမ ၆ သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေ ၃ ဒသမ ၁၂ သန်းဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ပြည်သူများသွားလာရေးအဆင်ပြေစေရန် ‌ကျေးရွာတွင်း (အရှေ့ပိုင်း)၌ လမ်းအရှည် ၉၄၅ ပေ၊ အကျယ် ၅ ပေ၊ ဒု ခြောက်လက်မနှင့် ကေျးရွာတွင်း (တောင်ပိုင်း)၌ လမ်းအရှည် ပေ ၉၀၀၊ အကျယ် ငါးပေ၊ ဒု ခြောက်လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

          လုပ်ငန်းခွင်သို့ ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၁၀ နာရီက သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်ပြီးစီးစေရေး စေတနာထား၊ အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်းသိရသည်။