Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား

14 February 23

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ကုက္ကိုလ်ပင်စုကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၁၁)ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားတွင် တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါထွေးမှ လမ်းလုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ကုက္ကိုလ်ပင်စုကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်အား ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်မြင့်နိုင်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမျိုးသန့်၊ ဆည်မြောင်းဦးစီးမှူး ဦးသောင်းတင်နှင့် စားသုံးသူရေးရာဦးစီးမှူး ဦးမြင့်သူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။

အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည်ပေ ၁၅၀၀ရှိပြီး မြစိမ်းရောင် စီမံကိန်းအတိုးရငွေ ကျပ်သိန်း(၂၀၀)နှင့် ကျေးလက်နေပြည်သူများ၏ လုပ်အားများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။