Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွမြို့နယ် ကံမြင့်ကျေးရွာ၌ မြစိမ်းရောင်အတိုးသရငွေဖြင့် ကွန်ကရစ်လမ်းခင်း၊ အုတ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်

26 January 23

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၃၆ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

          မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သော ကံမြင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုး ရရှိငွေမှ ငွေကျပ် ၁၇ ဒဿမ ၄ သန်း၊ ပြည်သူ့ထည့်ဝင်ငွေကျပ် ၁၃ ဒဿမ ၅၅ သန်းဖြင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ပြီး ပြည်သူများသွားလာရေး အဆင်ပြေစေရန် ရွာတွင်း မဉ္ဇူလမ်း ပေ ၇၃၀ ၁၀ ပေ ၆ လက်မနှင့် သာသနာ့ရောင်ခြည်လမ်း ၆၄၅ ပေ ၁၀ ပေ ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်း နှင့် ရေစီးရေလာကောင်းမွန်စေရန် အုတ်ရေမြောင်းပြုလုပ်ခြင်း၊ လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          လုပ်ငန်းခွင်သို့ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီက သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချို၊ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ယမင်းသူနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီ စွာဖြင့် သတ်မှတ်ချိန်ပြီးစီးစေရေး စေတနာထား၊ အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။