Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တံတားဦးမြို့နယ် ပြူကန်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

25 January 23

 

တံတားဦး  ဇန်နဝါရီလ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်ရည်ရွယ်၍ ပြူကန်ကျေးရွာအုပ်စု၊ ပြူကန်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ (SMART VILLAGE)အကောင်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းအချိန်က တာဝန်ရှိသူ များ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေါ်မြတ်ဆုအောင် ဒုတိယညွှန်ကြားရေးမှူးနှင့် တံတားဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာဆန်းတို့သည် မြို့နယ်တာဝန်ရှိသူများနှင့်အတူ ပြူကန်ကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကာ ဒေါ်မြတ်ဆုအောင် ဒုတိယညွှန်ကြားရေးမှူးက ကျေးလက်ဦးစီးဌာနအနေဖြင့် ခေတ်မီစံပြကျေးရွာများတွင် ကျေးရွာအခြေခံအဆောက်အဦဖွံ့ဖြိုးရေး၊ သွင်းအားစုနှင့် ငွေကြေးပံ့ပိုးကူညီရေး၊ အသက်မွေး ဝမ်းကျောင်းနှင့် ကျေးလက်စီးပွားရေးမြင့်မားစေရေး၊ အသင်းအဖွဲ့များခိုင်မာအားကောင်းစေရေးနှင့် နည်းပညာဖြန့်ဖြူးရေး အစရှိ သည့်ခေတ်မီစံပြကျေးရွာထူထောင်ရေးအဓိက လုပ်ငန်းစဉ်များအား သက်ဆိုင်ရာဦးစီးဌာနများနှင့်ပူးပေါင်းဆောင်ရွက်ပေး လျှက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ပေးသွားမည့်ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ထို့နောက် တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းသိရသည်။

စိုးမိုးကျော်