Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးမိတ်မြို့နယ် ပဒါန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

24 January 23

မိုးမိတ်မြို့နယ် ပဒါန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

==============================

မိုးမိတ် ဇန်နဝါရီ ၂၁ ရက်

======================

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မိုးမိတ်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပဒါန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးမိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦး

နိုင်ထက်အောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့ချစေရန်နှင့်တစ်နိုင်တစ်ပိုင်စိုက် ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင် ငွေတိုးစီးပွါးရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မိုးမိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်

စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များထံအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၅၇ သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များက ပဒါန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ သတ္တမအကြိမ်အဖြစ်

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၈ ဦးကို ငွေကျပ် ၄၃၄ ဒသမ  သိန်း  မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၉ ဦးကို ငွေကျပ် ၂၂၂ ဒသမ  သိန်း စုစုပေါင်း အသင်းသား၊အသင်းသူ ၁၇၇ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၅၇ သိန်းကိုထုတ်ချေးပေးခဲ့ကြောင်း မိုးမိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာန  မြို့နယ်ဦးစီးမှူး နိုင်ထက်အောင်က ပြောပြ၍သိရသည်။

 

ဖြိုးထက်အောင်(ပျော်ဘွယ်)