Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

19 January 23

တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
တန့်ယန်း ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆောင်ရွက်ပေးနေလျှက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန် ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က မန်ကျောင်း-မန်လုံ ကျေးလက်ကုန်ထုတ်လမ်းနှင့် မန်ကောင်း (ဝမ်တောင်) ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှုများအား ယမန်နေ့က ကြည့်ရှုစစ်ဆေးကြသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင် သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့် ထွန်းနှင့် တာဝန်ရှိသူတို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော မန်ကျောင်း-မန်လုံ ကျေးလက်ကုန်ထုတ်လမ်းနှင့် VDP စီမံကိန်းဖြင့်ဆောင်ရွက်သည့် မန်ကောင်း (ဝမ်တောင်) ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှု၊ လုံမုံကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာရှိ ကော်မတီဝင်များနှင့် တွေ့ဆုံကာ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။