တန့်ယန်းမြို့နယ် နားညုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သတ္တမအကြိမ်ထုတ်ချေး
တန့်ယန်း ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာဖြစ်သည့် ပန်နွဲ့ကျေးရွာအုပ်စု၊ နားညုကျေးရွာ၌ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝေယုဇနခိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိသားစု စားဝတ်နေရေးအခက်အခဲများ လျော့နည်းစေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက နားညုကျေးရွာရှိ မြစိမ်းရောင်စီမံကိန်း သတ္တမ အကြိမ်အဖြစ် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်မည့်သူ ၂၀ ဦးအတွက် စီမံကိန်းရန်ပုံငွေကျပ် ၃၁၀ သိန်းကို ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက ပြောပြ၍ သိရသည်။
သူသူ