ပဲခူတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာနှစ်၌ ငွေကျပ်သန်း ၁၃၇ ကျော် အသုံးပြု၍ ကျေးလက်နေ လူငယ်များအတွွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ သင်ကြားပေးနေကြောင်း ပဲခူတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောပြ၍ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေလူငယ်များအတွက် လယ်သမားပန်းရံသင်တန်း၊ စတီးသံပန်းသံဂဟေဆက်သင်တန်း၊ အခြေခံအပ်ချုပ်စက်သင်တန်း၊ အဆင့်မြှင့်အပ်ချုပ်စက် သင်တန်း၊ ခေါင်းလျှော်ရည်၊ဆပ်ပြာချက်သင်တန်း၊ဆိုင်ကယ်ပြင်သင်တန်း၊ မြန်မာမုန့်လုပ်နည်း သင်တန်း၊ အခြေခံကိတ်မုန့်ဖုတ်နည်းသင်တန်း၊ သီးနှံအခြေခံယိုအမျိုးမျိုးပြုလုပ်ခြင်းသင်တန်း၊ ဝါးလက်မှုပညာသင်တန်း၊ စိုက်ပျိုးရေး၊မွေးမြူးရေးပညာပေးသင်တန်း စသည်တို့ကို သင်တန်း အကြိမ်ရေ ၇၂ ကြိမ်ထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဧပြီလမှစ၍ ယနေ့အချိန်ထိ သင်တန်း ၅၃ကြိမ်ဖွင့်လှစ်ပြီးဖြစ်ကာ သင်တန်းသား၊သင်တန်းသူဦးရေ ၁၁၀၂ ကို သင်ကြားပေးပြီး ဖြစ်ကြောင်း သိရသည်။
“ကျေးလက်နေ လူငယ်တွေ ဘဝရပ်တည်နိုင်ဖို့ မိမိတို့ရဲ့ တတ်ကျွမ်းထားတဲ့ ပညာရပ်တွေနဲ့ လုပ်ကိုင်စားသောက်နိုင်အောင် သင်တန်းတွေပေးနေတာပါ။ သင်တန်းပေးတဲ့အခါမှာလဲ စိတ်ပါဝင် စားတဲ့ သင်တန်းအမျိုးအစားအလိုက် သင်ကြားပေးထားတာပါ။ သင်တန်းတွေကတော့ တစ်လ သင်တန်း၊ တစ်ပတ်သင်တန်းရှိပါတယ်။ ကျွမ်းကျင်တက်မြောက်ပြီး လုပ်ကိုင်စားသောက်နိုင်တဲ့ ထိသင်ကြားပေးတာပါ။ သင်တန်းကို ဧပြီလကစပြီး အခုဘဏ္ဍာနှစ်အတွင်း သင်ကြားပေးသွား မှာပါ။ အခြားမိတ်ဖက် ဌာနတွေနဲ့လဲ ပူးပေါင်းဆောင်ရွက်တာတွေရှိပါတယ်”ဟု ဦးမျိုးအောင်က ပြောပြ၍ သိရသည်။