သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင်ကျေးလက် နေလူငယ် များ ခေတ်နှင့်လျော်ညီစွာ အခြေခံကွန်ပျူနည်းပညာများ တက်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သောအသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို စက်တင်ဘာလ ၂၉ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ် ထားထားနိုင် တို့က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက သင်တန်းသား/သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်းသိရသည်။အဆိုပါသင်တန်းတွင်သင်တန်းသား၊ သင်တန်း သူ ၂၀ ဦးအား အခြေခံကွန်ပျူတာနည်းပညာများကို စာတွေ့လက်တွေ့ တစ်လကြာ သင်တန်းပို့ချခဲ့ ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည်ကြာကန်ကျေးရွာအုပ်စု၊ကံကုန်းကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။